ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms.Renata Lok-Dessallienလာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ(၂၀) -

         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမ၌  ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးအား ဒီဇင်ဘာလ ၂၀ရက်နေ့၊ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင်  မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Ms.Renata Lok-Dessallien လာရာက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ် ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများ ၊နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေ ဖြင့် နိုင်ငံတော်အစိုးရ နှင့်ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊  ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေမှု အခြေအနေများ၊ လူမှုစီးပွားဘ၀ ဖွံဖြိုးတိုးတက်ရေး၊  အလုပ်အကိုင်အခွင့်အလမ်းများ  ရှာဖွေဖော်ထုတ်ပေးနိုင် ရေး ဆောင်ရွက်ပေးနေမှု ကိစ္စရပ်များ၊   ရခိုင်ပြည်နယ်ရှိ  နောက်ဆုံးအခြေအနေများနှင့် ပတ်သတ်၍  ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter