မိသားစုနှင့် ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ ပုံမှန်ညှိနှိုင်းအစည်းအဝေး
နေပြည်တော်၊ မတ် (၁၇)ရက် -
နေပြည်တော်သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သော မိသားစုနှင့် ပြန်လည် ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၏ ပုံမှန်ညှိနှိုင်း အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများကို ကျင်းပခဲ့ရာ(၁၄)ကြိမ်မြောက်ရှိပြီးဖြစ်ပါကြောင်း၊ တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခဲ့သည့် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများအား တိုင်းဒေသကြီး/ ပြည်နယ် သက်ဆိုင်ရာဒေသ အလိုက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ UNICEF, INGOs, NGOs, CSOsများ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် လူမှုရေးနည်းလမ်းများနဲ့ စနစ်တကျ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် မိသားစုနှင့်ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်ဖြစ်သော နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန နှင့် ပူးပေါင်း၍ တပ်မတော်မှ နှုတ်ထွက်ခွင့်ရရှိသော ကလေးသူငယ်များ အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်နိုင်စေရေးအတွက် website မှတဆင့် သတင်းအချက်အလက် ရရှိနိုင် စေရေး ဆောင်ရွက်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်စွဲ (Vocational Mapping) ထုတ်ဝေနိုင်ရန် စီစဉ်လျက်ရှိပြီး၊ ယင်းလက်စွဲစာအုပ်ထုတ်ဝေခြင်းဖြင့် တပ်မတော်မှနှုတ်ထွက်ခွင့် ရရှိသော ကလေးငယ်များသာမက ရပ်ရွာအတွင်းရှိ လူငယ်၊ လူရွယ်များအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။