နေပြည်တော်၊ ဇူလိုင်လ( ၂) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် သည်  ဇူလိုင်လ (၂)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် နေပြည်တော် ဟိုတယ်ဇုံ၊ အမရ ဟိုတယ်၌ ကျင်းပသော ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် အရွယ်မရောက် သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီကို စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးဖြင့်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး ကဏ္ဍသည်သည် ပညာရေး ကဏ္ဍဖြစ်ပါကြောင်း၊

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင် အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀) နာရီတွင် အလုံမြို့နယ် အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်း သီရိ ရတနာ ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က " ယနေ့ အချိန်ထိ တစ်နိုင်ငံလုံးမှာ ဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားပြီးသော စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း စုစုပေါင်း (၁၁၈၄) တို့အား

နေပြည်တော်၊ ဇွန်လ(၁)ရက် -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၁)ရက်နေ့၊ မွန်းလွဲ (၀၃း၀၀)နာရီ အချိန်တွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်သာယာ ခန်းမ၌ ကျင်းပပြုလုပ်သော ပခုက္ကူ ခရိုင်နှင့် မင်းဘူးခရိုင် အတွင်းရှိ စေတနာ ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ ပါသည်။

   တည်ဆောက်ရေး လုပ်ငန်းများအိတ်ဖွင့်တင်ဒါပုံစံ ရောင်းဈေးနှုန်းနှင့် တင်ဒါအာမခံကြေးများကို အောက်ပါ link တွင် ရယူနိုင်ပါသည်။

နေပြည်တော် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  လူမှုဝန်ထမ်းဦးစီးဌာန၏  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ ဘက်စုံခန်းမ၌ ကျင်းပရာ  ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွှန့်က နေပြည်တော် ကောင်စီနယ်မြေအတွင်း လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် နေမှုများ၊ ကောင်စီနယ်မြေ အတွင်း သက်ကြီးရွယ်အိုနှင့် ဆင်းရဲချို့တဲ့ သည့် ကလေးငယ်များ၊ ကိုယ့်အားကိုယ်ကိုး အခြေခံ ပညာကျောင်းများအား ထောက်ပံ့နေမှုများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် က ပြည်သူများ၏  လူမှုရေး လိုအပ်ချက်များကို တက်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်  ယခင်နှစ်ကထက် ၃ ဒသမ ၁၃ ဆ တိုးမြှင့်ပြီး ကျပ်သန်းပေါင်း ၁၇၁၆ ဒသမ ၆ သန်း တိုးမြှင့် ထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထောက်ပံ့ငွေ များသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နေကြောင်းဖြင့် ပြောကြားသည်။

ရန်ကုန်၊ မေလ (၁၈)ရက် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် မေ(၁၈)ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သင်တန်းကျောင်း/ ဌာန/ မူကြိုကျောင်း များမှ ကျောင်းအုပ်များ နှင့် တာဝန်ခံ အရာထမ်း/ အမှုထမ်း များအား တွေ့ဆုံ အမှာစကား ပြောကြားခဲ့သည်။

နေပြည်တော်၊ မေလ (၈) ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(Japan International Coopertion Agency-JICA) အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာ နားမကြားသူများ လူ့အသိုင်းအဝန်း အတွင်း ဝင်ဆံ့နိုင်မှု မြှင့်တင်ရေး စီမံချက် အပိုင်း(၂) (Sign Language Project Phase II) မှ ကျွမ်းကျင်သူ Ms. OGAWA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲ (၃း၀၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။

နေပြည်တော်၊ မေလ(၆)ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် (၃-၅-၂၀၁၃) ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး အကြောင်းအမျိုးမျိုး ကြောင့် မူးယစ်ဆေးဝါး သုံးစွဲခဲ့၍ မူးယစ်ဆေး ဖြတ်ပြီးသူများအား ဆေးပြန်လည် မသုံးစွဲနိုင်အောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဖြစ်သော သက်မွေးပညာများ သင်ကြားပေးရေး၊ စိတ်ဓါတ် ကြံ့ခိုင်မှု တည်ဆောက် ပေးရေး၊ လူမှုရေး အခက်အခဲများကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ရေး စသည့် လုပ်ငန်းများ ကို စေတနာ ထားပြီး အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။