နေပြည်တော်၊ မတ်လ(၁၈)ရက် -

    ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကနဦး အစီရင်ခံစာ (Initial Report) တင်သွင်းနိုင်ရေး ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း။

မရမ်းကုန်းမြို့နယ်၊ ဖေဖော်ဝါရီ ၂၂ ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တို့သည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်း မသန်စွမ်း သက်ငယ်ကျောင်း၌ ကျင်းပသော ရွှေတောင်အုပ်စုမှ တည်ဆောက် လှူဒါန်းသည့် နှစ်ထပ် RC ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့  တက်ရောက်ပြီး ကမ္ဗည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ကာ ကျောင်းဆောင်သစ် အတွင်း လှည့်လည် ကြည့်ရှုကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၀)ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ကရင်ပြည်နယ် လူမှုရေး ဝန်ကြီးနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းတွင် ဘားအံမြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး အငယ်တန်းအဆင့်နှင့် အကြီးတန်းအဆင့် အခန်းများကို ကြည့်ရှုစစ်ဆေးကာ ကရင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၄)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့ နေ့လည် (၁၂း၀၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီးရုံး၊ မေခလာခန်းမ၌ မြန်မာနိုင်ငံ ပြင်သစ် သံရုံးမှ သံအမတ်ကြီး Mr.Thierry Mathou နှင့် Women's Forum (ပြင်သစ်) အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ Ms.Jacqueline Franjou တို့အား တွေ့ဆုံပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပရန် လျာထားသော Women's Forum နှင့် ပတ်သက်သည့် အကြိုလုပ်ငန်းများနှင့် ဆွေးနွေးမည့် ဘာသာရပ် ဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များကို ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁၆) ရက် -

              တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီ (၁၁) ရက်နေ့ ညနေပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးပြီး တောင်သာယာ ဘိုးဘွားရိပ်သာ၌ ကျင်းပသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာနှင့် မူကြိုကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက် -

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် Representative of UNICEF Mr. Bertrand Bainvel ECCD International Consultant Ms. Emily Vargas-Baron တို့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဝန်ကြီးရုံး မေခလာ ခန်းမ၌  တွေ့ဆုံပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မူဝါဒနှင့် ပထမငါးနှစ် မဟာဗျူဟာ အစီအစဉ် ၂၀၁၄-၂၀၁၈ ရေးဆွဲရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ(၁)ရက် -

          နားမကြားသူများ ဒေသအလိုက် ကွဲပြားနေသည့် Sign Language များကို ဓါတ်ပုံမှတ်တမ်း၊ Video မှတ်တမ်းများ ပေါင်းစပ်ရယူပြီး ခွဲခြမ်းစိတ်ဖြာခြင်း၊ စံနှုန်းသတ်မှတ်ခြင်း၊ နားမကြားသူများနှင့် ဘာသာစကား၊ Sign Language သဒ္ဒါ ဖွဲ့စည်းပုံကို လေ့လာပြီး စာအုပ်ပြုစု ဖြန့်ချိခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ် (United Nation Convention  of the Rights for Persons with Disability - UNCRPD) ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် လက်မှတ်ရေးုထိုးခဲ့ပြီး သဘောတူ စာချုပ်ပါ လုပ်ငန်းစဉ်များကို အေကောင်အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း၊

နေပြည်တော်၊ ဇန်နဝါရီ (၂၂) ရက် -

              လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် သည် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ်၊ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ေြပာင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ မိမိတို့ ဝန်ကြီးဌာန သည်လည်း နိုင်ငံတော် အစိုးရနှင့်အတူ လိုက်ပါ ပြောင်းလဲ  ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အားလုံးက အရည်အချင်းနှင့် အရည်အသွေး များ ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပြီး တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် စေတနာအပြည့်အဝဖြင့် ကာကွယ် စောင့်ရှောက်ကြ ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူလူထုက အစိုးရနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုရှိလာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အစိုးရ အဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။

နေပြည်တော်၊ ဇန်နဝါရီ (၂၁) ရက် -

               မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ပထမအကြိမ် အစည်းအဝေးကို မွန်းလွဲ (၁)နာရီတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အမျိုးသမီးများ အား တန်းတူညီမျှ ဆက်ဆံရေးကို ဖော်ညွှန်းသည့် ပြဋ္ဌာန်းချက် ပါရှိပါကြောင်း၊ ယင်းပြဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဦးဆောင်လမ်းညွှန်မှုပေးရန် နိုင်ငံတော်အဆင့် ယန္တရားဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ရေးရာကော်မတီသည် သွက်လက်ထက်မြက်စွာ လှုပ်ရှားရန် လိုအပ်ပါကြောင်း။

နေပြည်တော်၊ ဇန်နဝါရီ (၁၉) ရက် -

        ပထမအကြိမ်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နေပြည်တော် MICC  တွင် မွန်းလွဲ ၃း၃၀ အချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆွေးနွေးပွဲတွင် Social Welfare Disaster Risk Reduction ခေါင်းစဉ်ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး