ဌာနတွင်း ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ Microsoft Excel (Basic) သင်တန်းဖွင့်လှစ်

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရုံးချုပ်ရှိဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်းများ လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ ဌာနတွင်း Microsoft Excel (Basic) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၀၉း၃၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ နည်းပြများနှင့် သင်တန်းသား/ သူများတက်ရောက်ခဲ့ကြပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် တိုးတက်ပြောင်းလဲလာသော နည်းပညာခေတ်၌ IT နည်းပညာသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများ လုပ်ဆောင်ရာ၌လည်း IT Soft Skill များဖြစ်သည့် Microsoft Office – Word, Excel, Power Point အစရှိသည့် ပညာရပ်တွေကို ကျွမ်းကျင်နေပါက လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်သည့်နေရာမှာ အချိန်ကုန် သက်သာစေမှာ ဖြစ်ကြောင်း၊ စာရင်းဇယားတွေ ရေးဆွဲခြင်းသည် ဌာနအတွင်းမှာမဖြစ်မနေ လုပ်ဆောင်ရသည့်အတွက်ကြောင့် ယခုကဲ့သို့ Microsoft Excel (Basic) အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် လက်တွေ့အသုံးချနိုင်ရန်အတွက် သင်တန်းမှသင်ကြားပေးတဲ့ သင်ခန်းစာ များကို စိတ်ပါဝင်စားစွာသင်ကြားဖို့နှင့် သင်တန်းမှရရှိလာတဲ့ ပညာရပ်များကိုလည်း သင်တန်း ပြီးသွားတဲ့အခါမှာ ရုံးလုပ်ငန်းပိုင်းမှာ လွယ်ကူအဆင်ပြေအောင် လက်တွေ့နဲ့ယှဉ်ပြီး အသုံးချသွားဖို့မှာကြားလိုကြောင်း၊ ယခုဖွင့်လှစ်သည့် Excel သင်တန်းသာမက Adobe Photoshop သင်တန်း၊ Adobe PageMaker သင်တန်းတွေကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးများအနေနှင့်လည်း မိမိတို့ဌာနမှာ လိုအပ်နေတဲ့ ဘာသာရပ်တွေကို အမှန်တကယ်အသုံးပြုနိုင်တဲ့ သင်တန်းသား/သူများကိုသာ ရွေးချယ်စေလွှတ်ပြီး သင်တန်းတက်ရောက်စေခြင်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှာရှိနေတဲ့ Human Resources ကို တိုးတက်လာစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် Microsoft Excel (Basic) သင်တန်းသို့ ရုံးချုပ်၊ ဌာနခွဲများမှ သင်တန်းသား/သူ(၂၀)ဦးဖြင့် (၁၀-၆-၂၀၂၄ ရက်မှ ၁၄-၆-၂၀၂၄ ရက်ထိ) (၅)ရက်တာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

FacebookTwitter