သာယာဝတီခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆပ်ကော်မတီ အစည်းအဝေး

     ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်အဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆပ်ကော်မတီ အစည်းအဝေးကို (၁၁.၇.၂၀၂၄) ရက်၌ သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း(၁၄)ဦး တက်ရောက်ခဲ့ပါသည်။
     အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းမှဆောင်ရွက်နေသော လုပ်ငန်းကြီး (၇)ရပ်နှင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာဆပ်ကော်မတီ၏ လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများ ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်းနှင့်လုပ်ငန်းခွင်၊ ကလေးအလုပ်သမားများအပေါ် ကျူးလွန်သောပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter