(၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့် အာဆီယံ အမျိုးသမီးကော်မတီ (ACW) တို့၏ ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အစည်းအဝေးများကို  နေပြည်တော်ရှိ M-Gallery Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးများသို့ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ ဉီးစံလွင်၊ အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၏ အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲချုပ်ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များတို့က In-personဖြင့်လည်းကောင်း၊ အာဆီယံနိုင်ငံများမှ ACWC နှင့် ACW ကိုယ်စားလှယ်များက Online ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။
(၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်နှင့် အာဆီယံအမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေး အစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရစ်တစ်နိုင်ငံမှ ACW(Women’s Rights) နှင့် မလေးရှားနိုင်ငံမှACW (Women’s Rights) တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAW) နှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAC) အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ Gender Mainstreaming ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ 
(၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးတွင် ACW Myanmarက သဘာပတိအဖြစ်ဆောင်ရွက် ခဲ့ပြီး ACWC Work Plan(2021-2025)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများ၊ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ Gender Mainstreaming ကိစ္စရပ်များအား  ဆွေးနွေးခဲ့ကြပါသည်။ 
အဆိုပါ (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးအား ၂၈.၁၁.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေး+၃အား နေ့လယ်ပိုင်းတွင်လည်း ကောင်း၊၂၉.၁၁.၂၀၂၄ ရက်နေ့တွင် ပဥ္စမကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  
 

FacebookTwitter