ဧရာဝတီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

      ဧရာဝတီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၂.၁.၂၀၂၅)ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့  တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဥ်များနှင့် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအားကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးက ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်ပြီး ကော်မတီဥက္ကဌက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ