နေပြည်တော်၊ စက်တင်ဘာ (၁၆) ရက် -
အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ Enhancing of Women's of Empowerment Sector Working Group (EWE-SWG)၏ ပထမအကြိမ် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၀၈း၄၅) နာရီ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက် အမှာစကား ပြောကြားရာတွင် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (1st Myanmar Development Cooperation Forum) မှ ထွက်ပေါ်လာသော နေပြည်တော် ကြေညာစာတမ်း (Nay Pyi Taw Accord) အရ လုပ်ငန်းအဖွဲ့ ၁၆ ဖွဲ့အနက် လူမှုအကာအကွယ် ပေးရေးနှင့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့နှင့် အမျိုးသမီး စွမ်းပကား မြှင့်တင်ရေး လုပ်ငန်းအဖွဲ့တို့တွင် မိမိတို့ ဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထမ်းဆောင်လျက် ရှိပါကြောင်း။