လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၁၀ရက်နေ့၊ နေ့လည် (၁၅း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Mercy Malaysia(Myanmar) မှ Country Director ဖြစ်သူ Mr.Vladimir Arcilla Hernandez ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      မြန်မာနိုင်ငံအစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့သည် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေး အတွက် ကြိုတင်လေ့ကျင့်မှုဆိုင်ရာ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇွန်လ ( ၉ )ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

<

နေပြည်တော်၊ ဇွန်လ (၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၉ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဒေါ်နန်းလိုင်းခမ်း ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ(၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ၈ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA အဖွဲ့မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms.Janet E.Jackson ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တာဝန်ရှိသူများနှင့်အတူ ၅-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတခရိုင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လေဘေးသင့် ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၄-၆-၂၀၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး မွေးကင်းစမှ အသက်(၃)နှစ်အရွယ်အတွင်း ကလေးသူငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးရေးသည် အရေးကြီးပါကြောင်း၊ဤကလေးပြုစုရေးဌာနတွင် ရောက်ရှိနေသော ကလေးသူငယ်မှ အနာဂတ် ခေါင်းဆောင်များ၊ ပညာရှင်များ ဖြစ်ပေါ်လာနိုင်သဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။

နေပြည်တော်၊ မေ (၃၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၃၁.၅.၂၀၁၆) ရက်နေ့၊ နံနက်(၉း၃၀) အချိန်တွင် နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်သည့် “ Seminar on Volunteerism in Myanmar ” သို့တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ပြည့်သူအစိုးရသစ်အနေဖြင့် ရက်(၁၀၀)စီမံချက်ကို လက်ရှိအကောင်အထည် ဖော်လျက်ရှိရာ၌ စေတနာ့ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဤဝန်ကြီးဌာနသည် လူငယ်ဆိုင်ရာနှင့်ပတ်သက်၍ အဓိက တာဝန်ယူ ဆောင်ရွက်နေရသော ဝန်ကြီးဌာန တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူငယ်မူဝါဒကို UNFPA နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအတွင်း ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ၏ (၁၇.၈၁%) သည် အသက်(၁၅)နှစ်မှ(၂၄)နှစ် အတွင်းရှိသော လူငယ်များဖြစ်ကြောင်း၊ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊

နေပြည်တော်၊ မေ (၃၁) -

        ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hotel Max ၌ ကျင်းပပြုလုပ်သော ကျား/မ ရေးရာနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးသင်တန်း ဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားရနိုင်ချေများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျကြိုတင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နေပြည်တော်၊ မေ(၂၇) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၇ ရက်နေ့၊ ‌နေ့လည်(၁၂း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်မှ Country Managerဖြစ်သူ Mr.Abdoulaye Seck  ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ မေလ (၂၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ် H.E Mr.Paul R. Seger ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။