နေပြည်တော်၊ မေလ (၂၄) ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် နေပြည်တော်၊ အမရဟိုတယ်တွင် ၂၀၁၆ခုနှစ်၊ မေလ(၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်မှာ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေး တုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက်အား အကောင်အထည်ဖော်နိုင်ရေးနှင့် စပ်လျဉ်း၍ International Disaster Response Law (IDRL) in Myanmar: Strengthening the National Framework for International Disaster Response” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ မေ (၂၀) -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၀ ရက်နေ့၊ ‌နေ့လည်(၁၂း၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားThe Lutheran World Federation, LWF(Myanmar) မှ Regional Representative ဖြစ်သူ Mr. David H Mueller ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၉-၅-၂၀၁၆) ရက်နေ့  နံနက်ပိုင်းတွင်  ရခိုင်ပြည်နယ်၊စစ်တွေမြို့သို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ကြိုတင်ကာကွယ်ရေး၊တုံံ့ပြန်ရေးလုပ်ငန်းများ၊တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းများ၊လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ မေ (၁၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၁၈ ရက်နေ့၊ ‌နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့  မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Mohammad Sufiur Rahman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ မေလ (၁၈) -

      မြန်မာနိုင်ငံတွင် အသက်(၁၀)နှစ်မှ (၁၉)နှစ်အရွယ်ရှိသော ဆယ်ကျော်သက်ဦးရေသည် နိုင်ငံ့ဦးရေ၏ ၂၁.၄၆% ရှိသဖြင့် နိုင်ငံတော်၏ကြီးမားသော အင်အားတစ်ရပ်ဖြစ်ပြီး ဆယ်ကျော်သက်များ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို “နိုင်ငံ့အနာဂတ်တိုးတက်ဖို့ ဆယ်ကျော်သက်ကဏ္ဍမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ လူ့ဘောင်အဖွဲ့အစည်း အတွက် အကျိုးပြုသော လူကြီးများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊

နေပြည်တော်၊ မေ (၁၇) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၁၇ ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF အဖွဲ့အစည်းမှ Senior Social Protection Consultant ဖြစ်သူ Mr. Philip Goldman ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၆.၅.၂၀၁၆)နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာသို့ရောက်ရှိပြီး (၁၅.၅.၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ရသည့် ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားကာ ကနဦးရရှိသည့်သတင်းအရ မြို့နယ်အတွင်းရှိ ပြိုကျနေအိမ်(၇၄)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)လုံး ပြန်လည်ပြုပြင်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်(၁၅၇)သိန်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် ကစားစရာအရုပ်များအားလည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စာရင်းကျန်ရှိသည့် ပြိုကျပျက်စီး နေအိမ်များအား ဆက်လက်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မေလ(၁၂)ရက်နေ့တွင် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ(၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှုများ ကြုံတွေ့ခဲရသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နှင့် ကံမမြို့သို့ သွားရောက်ခဲ့ပါသည်။

မုံရွာ၊ မေ(၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရက်(၁၀၀)လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအဖြစ် လူမှုရေးအသိပညာပေးဆွေးနွေးပွဲကို မေလ (၁၂)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)လုပ်ငန်းစီမံချက်များနှင့် လူမှုအသိပညာပေး ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ ပါသည်။

နေပြည်တော်၊ မေ (၁၂) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၂ ရက်နေ့‌ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရင်သွေးရတနာနှင်‌့ တော်ဝင်ရတနာမူလတန်းကြိုကျောင်းများသို့ သွားရောက်၍ မူလတန်းကြိုကျောင်းများ ကျောင်းဖွင်‌့ရာသီအတွင်း ကျောင်းဖွင်‌့လှစ်မှုအခြေအနေ၊ ကျောင်းများအလိုက် ကလေးဦးရေ လက်ခံစောင်‌့ရှောက်မှု၊ ကလေးများအား မူကြိုနည်းပညာများနှင်‌့အညီ ပြုစုစောင်‌့ရှောက်မှုတို့အား သွားရောက်စစ်ဆေး၍ မူလတန်းကြိုကျောင်းအုပ်များနှင်‌့ ဆရာမများအားတွေ့ ဆုံ၍ ဆွေးနွေးခဲ့ပါသည်။