လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၄.၄.၂၀၁၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

နေပြည်တော်၊ ဧပြီ ၃ -

      လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၂.၄.၂၀၁၆)ရက်နေ့၊(၁၅း၃၀)နာရီတွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ်(၂)လုံး၊ သက်ကယ်မိုးထရံကာ နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူကြီး(၂၂)ဦး၊ ကလေး(၈)ဦး စုစုပေါင်း(၃၀)ဦး ဘေးဒုက္ခကြုံ တွေ့ခဲ့ရပါသည်။

      နေပြည်တော်၊ ဧပြီ ၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)ရှိ အဆိုပါဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့ (World Autism Awarness Day)တွင် ကမ္ဘာ့နိုင်ငံများ၌ အပြာရောင်ဖြင့် ဂုဏ်ပြုခြင်းအစီအစဉ် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အထင်ကရအဆောက်အဦများတွင် အပြာရောင်မီးများ ထွန်းညှိခြင်းဖြင့် ဂုဏ်ပြုကြိုဆိုပေးပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးေဆာ္ထားပါသည္။

ဧရာဝတီတိုင်း၊ မတ်လ (၂၆) -

    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၃၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ကျောက်စိမ်းလမ်းတွင် ကျန်ရှိသည့် ကွန်ကရစ်လမ်းနှင့် ပတ္တမြားလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပါသည်။

       မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ(၁၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မာရုံ၌ အဘိုး၊ အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက်ဆိုင်သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးကာ ဝန်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထား ခဲ့သည့် ဘိုးဘွားရိပ်သာဆောင်ကို လှည့်လည်ကြည့်ရှုပါသည်။

စစ်ကိုင်းတိုင်း၊ မတ်လ (၁၂) -

     လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် မတ်လ(၁၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး အမှတ်(၅၂) ခြေလျင်တပ်ရင်း၊ မူလတန်းကြိုကျောင်း၌ မူကြိုကလေးများ၏ ပြုစုစောင့်ရှောက်‌ရေးနှင့် ဖွံံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပါသည်။

နေပြည်တော် -

      "ကျား၊ မတန်းတူ ကမ္ဘာတစ်ဝန်း ၂၀၃၀ ရည်ကာမှန်း" ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်း၊ မတ်လ (၆) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ(၆)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး မျက်မမြင်စာ သင်ကြားပေးနေမှုနှင့် မျက်မမြင်အကြောပြင် အနှိပ်ပညာသင်ကြားနေမှု အပါအဝင် အမြင်အာရုံ ချို့တဲ့သူများအား ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားရေးနှင့် တတ်မြောက်ထားသော ပညာရပ်များဖြင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေးစသည့် မျက်မမြင်သူများအား ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။

ရန်ကုန် -

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အိုများအား ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် ပြုစုစောင့်ရှောက်မှု နည်းပညာများကို စနစ်တကျ သိရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသားပေါင်း (၂၀)ဦးတို့အား သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ကျွမ်းကျင်သူများအဖြစ် သင်တန်းဆင်းပေးနိုင်ခဲ့ ပါသည်။