လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ ဘရစ်စဘိန်းမြို့၊ ကွင်းစ်လန်း နည်းပညာတက္ကသိုလ်(Queensland University of Technology-QUT) မှ ဆောင်ရွက်လျက်ရှိသော လူမှု ကာကွယ်စောင့်ရှောက်ရေး နည်းစနစ်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း အစီအစဉ်သို့ တက်ရောက်ရန်အတွက် သြစတြေးလျနိုင်ငံသို့ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၁၆)ရက်နေ့ထိ သွားရောက် ခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈း၃၀)တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ မြန်မာနိုင်ငံ၏ပထမဆုံးအခမဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိပြီး အဘိုး/အဘွားများ  စောင့်ရှောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဂေဟာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံကာအဘိုး/အဘွားများအပေါ် စေတနာအပြည့်ဖြင့်ပြုစုစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

      (၁) သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းမြင့်မားသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရန်၊ (၂) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန်၊ (၃) နိုင်ငံအတွင်း သဘာဝဘေး လျော့ပါးရေးဆိုင်ရာ နိုင်ငံတကာအသိပညာ၊ ဗဟုသုတများကျယ်ပြန့် စွာပို့ချပေးနိုင်ရန်နဲ့ (၄) သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်စတဲ့ ရည်ရွယ်ချက်များနဲ့ မြန်မာနိုင်ငံ၏ တစ်ခုတည်း သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်းကြီး (Disaseter Management Training Center) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အ‌ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်စိုး၊ တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါ်ခင်စောမူ၊ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်တို့က သင်တန်းကျောင်း အဝင်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်တန်းကျောင်း အဝင်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာများ ပက်ဖျန်းပါသည်။

      (၂၀၁၅) ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International day of Persons with Disabilities for 2015) အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ MICC (2) ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်အမှာစကား ပြောကြားရာတွင်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင် သည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် The World Bank မှ Senior Infrastructure Specialist ဖြစ်သူ Mrs. Henrike Brecht ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပြီး အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီနှင့် ပြန်လည်ထူထောင်မှုလုပ်ငန်း ညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့၏ ဆောင်ရွက်နေမှု၊

ဖျာပုံ၊ နိုဝင်ဘာလ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုရေး ကာကွယ်စောင်‌့ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွား ဘဝမြင့်မားရေး အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ၇ ပေသွပ်များနှင့် အလှူငွေများ၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ၊ ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၈)ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ (၆) သိန်းကျပ်စီနှင့် သင်ထောက်ကူ ပစ္စည်းများ ၊ မသန်စွမ်းသူများအတွက် ဝှီးချဲများ၊ ရွာလုံးကျွတ်မီးလင်းရေး ကျေးရွာ(၄)ရွာ အတွက် အင်ဂျင်မီးစက် (၁)လုံးစီ၊ ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာ၊ မူကြိုကျောင်းဆောက်လုပ်ရန် အတွက် (၂၀၀) သိန်း၊ စုစုပေါင်းငွေသား (၃၇၅)သိန်း နှင့် (၃၁၈)သိန်းခန့် တန်ဖိုးရှိသော လူမှုစီးပွားဘဝ မြင့်မားရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်သူများ ထံ ထောက်ပံ့ပေးပါသည်။

နေပြည်တော်၊ နိုဝင်ဘာ (၁၆) -

      ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနကဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့်အဝတ်အထည်များ  လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ(၁၆)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ  အလှူရှင် မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစေတနာရှင်များမှ အလှူငွေများကို ပေးအပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် နှင့် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပါသည်။

      ၂၀၁၅ခုနှစ် ဇွန်လ မှ အောက်တိုဘာလထိ ရေကြီးရေလျှံ မှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့် ပြည်သူများအတွက် အလှူငွေများ ဆက်လက် လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ လ (၁၈)ရက်နေ့၊ နံနက်(၁၀)နာရီ အချိန်တွင် လူမှုုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ နေပြည်တော် ၌ ကျင်းပပြုလုပ်ရာ Myanmar Land and Development Col. Ltd. မှ (၁၀၀) သိန်း၊ အမှတ်(၁)ကာကွယ်ရေးပစ္စည်းစက်ရုံ၊

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ် မြောက်ဝန်ကြီးဌာန မိသားစုဘုံကထိန် ကျင်းပဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ဝန်ထမ်းများတက်ရောက် ကြည်ညိုကြ ပါသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၆ -

      ကျား/မအခြေပြု အကြမ်းဖက်မှု ဖြစ်ရပ်စီမံခန့်ခွဲခြင်း သင်တန်းကို ယနေ့နံနက် (၉း၃၀) နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် ဖွင့်လှစ်ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကား‌ပြောကြားခဲ့ပါသည်။