၁။ ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများ အတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားပြီး သဘာ၀ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် များတွင် ရေဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာသူများ၊ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာ ရရှိသူများနှင့် ထိခိုက်လွယ်သော၊ အန္တရာယ် ကျရောက်လွယ်သော အုပ်စုများအတွက် ခံစားနေရမှုများ

ဖျာပုံ၊ အောက်တိုဘာလ(၃၁)ရက် -

      ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ ဖျာပုံမြို့၊ (၁၈)ရပ်ကွက်၊ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၊ အဘိုးဆောင် (ဗလဆောင်) အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကား ‌ပြောကြားရာတွင် မြန်မာနိုင်ငံ လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် မှာ သက်ကြီးရွယ်အိုများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်းကူညီ စောင့်ရှောက်ရေး အဖွဲ့များ အား ထောက်ပံ့ပေးခြင်း လုပ်ငန်းများ အပါအဝင် လူမှုရေး အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်တဲ့ အုပ်စုများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အလိုက် တဆင့်ပြီးတဆင့် ထောက်ပံ့ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊

နေပြည်တော်၊ အောက်တိုဘာ  ၁ -

      ဘိုးဘွားအားလုံး ပါဝင်ဖို့၊ ရေရှည်တည်အောင် ကြိုးပမ်းစို့ ဟူသော ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည်။

နေပြည်တော် -

      နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ် သူဌေးကုန်းကျေးရွာမှ ကလေးသုံးမွှာပူး မွေးဖွားသည့်   ဦးနိုင်စိုး၏  ဇနီးဒေါ်မြင့်မြင့်အေးအား လူမှုဝန်ထမ်း ဦးစီးဌာန၏  မိခင်နှင်‌့ကလေး ဆုကြေး ထောက်ပံ့ငွေ ၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်းတိတိ) ပေးအပ်ပွဲကို  စက်တင်ဘာလ(၂၁)ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ၊ ကုတင်(၁၀၀၀)ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

ရန်ကုန် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အို များအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်း (၁/၂၀၁၅)ကို ရန်ကုန်မြို့၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာတွင် (၄.၉.၂၀၁၅)ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။

နေပြည်တော်၊ ဇန်နဝါရီလ(၁၆)ရက် -

       မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံ ကျား၊ မရေးရာ အခြေအနေ ဆန်းစစ်မှုဆိုင်ရာ လေ့လာမှုစာတမ်း(မူကြမ်း) အလုပ် ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

ချင်းပြည်နယ် -

        လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ရောက် ရှိ နေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုရေးကာ ကွယ်စောင့် ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၉ ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ ကွက်စိပ်(၅)ရပ် ကွက်တွင် နေထိုင်သော အသက်(၁၀၄)နှစ်ရှိ အဘိုး ဦးမိန်ထုံထံသို့ သွားရောက်ကာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၏ချီးမြှင့်ငွေ(၂၅)ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂)သိန်းကျပ်အား နိုင်ငံတော် ကိုယ်စားပေးအပ်ကာ အဘိုးနှင့်မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း ပြောကြား ပါသည်။ ထို့နောက်မင်းတပ်ခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနရုံး တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၂၃) -

         ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ "ဓနုမြေဘိုးဘွားရိပ်သာ" ဖွင့်ပွဲ အခမ်း အနားအား ဇန်နဝါရီလ(၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် ဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ဓနုတိုင်းရင်းသား/တိုင်းရင်းသူများ စုစုပေါင်းအင်အား (၅၀၀)ဦး တက်ရောက်ကြပါသည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၉ -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုကာကွယ ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မူကြိုကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁၄) -

      မိမိတို့ ဝန်ကြီးဌာနသည် အခြားဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ရသင့်ရထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စနစ်တကျ ရွေးချယ်နိုင်ရေး အတွက် စည်းမျဉ်းနှင့် ကိုက်ညီသည့် လူမှုရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို  ရွေးချယ်ပေးကြရမည် ဖြစ်သည့်အတွက် အဖွဲ့ဝင်များ အနေဖြင့် ဖြည့်စွက်ပြင်ဆင် လိုသည်များနှင့် ကွင်းဆင်းဆောင်ရွက်မည့် ကိစ္စများကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်းဖြင့် ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင်က ယနေ့ နံနက်(၁၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော လူမှုရေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်း ကော်မတီ၏ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည်။