၁၅.၁၁.၂၀၂၂၊ နေပြည်တော်
လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ရေးဆွဲအကောင်အထည်ဖော်ရာ၌ အထောက်အကူပြုနိုင်ရေးအတွက် NSPAW Focal Person များနှင့် ညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဦးစီးဌာန (၄၃) ခုမှ NSPAW Focal Person (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။