ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် (၂.၁၁.၂၀၂၂) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် 2022 ASEAN-ICT Forum on Child Online Protection သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မေနုနှင့် ကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ ဘားအံမြို့ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် နိုဝင်ဘာလ (၄) ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းလိုက်ပါလျက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး (၃၅၀) ဦး လက်ခံသင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ...
၁.၁၁.၂၀၂၂၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁.၁၁.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
၁.၁၁.၂၀၂၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
နေပြည်တော်၊ အောက်တိုဘာလ ၂၈ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် စင်္ကာပူနိုင်ငံ၊ Resorts World Sentosa Convention Centre ၌ ကျင်းပသည့် အာရှနှင့်သမုဒ္ဒရာဒေသရှိ သတင်းအချက်အလက်နည်းပညာဆိုင်ရာအသင်းချုပ် Asian-Oceanian Computing Industry Organization (ASOCIO) Digital Summit 2022 သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ် (၁) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
၂၁.၁၀.၂၀၂၂၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ Quick Win Project တစ်ခုအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုသိရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ...
နေပြည်တော်၊ အောက်တိုဘာလ ၂၁ ရက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက် (၆) လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို (၂၁.၁၀.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများတက်ရောက်ခဲ့ပါသည်။
၂၈.၁၀.၂၀၂၂၊ ကယားပြည်နယ် (၂၇.၁၀.၂၀၂၂) ရက်နေ့မှ (၂၈.၁၀.၂၀၂၂) ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မူကြိုခန်းမ၌ ဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ...
၂၆.၁၀.၂၀၂၂၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ (၂၆.၁၀.၂၀၂၂) ရက်နေ့တွင် လွိုင်ကော်မူကြိုခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို...
၂၆.၁၀.၂၀၂၂၊ ကယားပြည်နယ် (၂၄.၁၀.၂၀၂၂) ရက်နေ့မှ (၂၆.၁၀.၂၀၂၂) ရက်နေ့ထိ လွိုင်ကော်မူကြိုခန်းမ၌ မသန်စွမ်းအမျိုးအစားအလိုက် အသိပညာပေးခြင်းနှင့် အထူးလိုအပ်ချက်ရှိသောကလေးများပြုစုလေ့ကျင့်ပျိုးထောင်ပေးမှုဆိုင်ရာ အသိပညာပေးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ