ရန်ကုန်မြို့ ၂၃/၂၄-၁၀-၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့်အဖွဲ့သည် (၂၃-၁၀-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့တွင်တည်ရှိသော လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်း (ရွှေပြည်သာ) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီး ဦးစီးမှူးက မှုခင်းစစ်ဆေးဆဲ ကလေးသူငယ် (ရီမန်ကျောင်းသား) များ လက်ခံစောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအုပ်ကြီးရုံး၊ သင်တန်းသားအိပ်ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် သင်တန်းကျောင်း ပရိဝုဏ်အတွင်း အဆောက်အဦများ ထပ်မံဆောက်လုပ်ရန်လျာထားသည့်အကွက်ချပုံစံအား ရှင်းလင်းတင်ပြခဲ့ပါသည်။