၂၅/၂၆.၉.၂၀၂၂ ၊ ရန်ကုန်မြို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၅.၉.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ဦးစွာတွေ့ဆုံ၍ ကလေးများကို ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။