၁၄.၂.၂၀၂၃၊ စစ်ကိုင်းတိုင်းဒေသကြီး      စစ်ကိုင်းတိုင်းဒေသကြီး အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၁၄.၂.၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။
၁၆ ဖေဖော်ဝါရီလ၊ နေပြည်တော် နိုင်ငံအတွင်းရှိ ပရဟိတဂေဟာများတွင် ကလေးသူငယ်များအား လက်ခံစောင့်ရှောက်မှုနှင့် ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေအား လေ့လာဆန်းစစ်သည့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အထွေထွေအတွင်းရေးမှူး၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
၁၅.၂.၂၀၂၃၊ မော်လမြိုင်ခရိုင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၁၅-၂-၂၀၂၃) ရက်နေ့၊ နံနက်(၁ဝး၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၅ ဖေဖော်ဝါရီလ ၂၀၂၃ အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဌာနဆိုင်ရာများမှ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အား ASEAN Gender Mainstreaming နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ ASEAN Sectoral Bodies များနှင့် ကဏ္ဍခွဲအသီးသီးအား Focal Point အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
 မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူးပြီး ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို (၁၃.၂.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန် မော်လမြိုင်မြို့၊ ပညာရေးဒီရီကောလိပ်၊ ပညာညီလာခန်းမ၌ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား/သူ များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ...
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မော်လမြိုင်မြို့၊ ချောင်းဆုံမြို့၊ သံဖြူဇရပ်မြို့တို့မှ မူလတန်းကြိုကျောင်း (၅) ကျောင်းမှသားငယ်/သမီးငယ်များ၊ မော်လမြိုင်လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများပူးပေါင်းပါဝင်၍ မြန်မာနိုင်ငံကလေးများနေ့အကြို လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို (၁၀.၂.၂၀၂၃)ရက်နေ့တွင် နံနက် (၀၉:၀၀) နာရီအချိန် မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၊ ဖူဆယ်အားကစားကွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။...
၆.၂.၂၀၂၃၊ နေပြည်တော် လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ နေ့လယ် (၁၁ : ၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။...
၃၀.၁.၂၀၂၃         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၁၀:၀ဝ) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ တပ်မတော်သတင်းနည်းပညာဌာနမှတာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ခံအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။