၂၃.၁.၂၀၂၃၊ မွန်ပြည်နယ် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို (၂၃.၁.၂၀၂၃) ရက်နေ့မှ (၂၇.၁.၂၀၂၃) ရက်နေ့အထိ မွန်ပြည်နယ်လူမှု ဝန်ထမ်းရုံးအစည်းအ‌ဝေးခန်းမ၌ သင်တန်းသား (၂၅) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ (၁-၂-၂၀၂၁)ရက်နေ့မှ (၃၁-၁၂-၂၀၂၂)ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းနှင့် ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှ ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ တာဝန်ခံများမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်(ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေး စီမံခန့်ခွဲမှု ဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) စနစ် စမ်းသပ်အသုံးပြုခြင်းနှင့် Excel Data Migration ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀:၀ဝ)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၁.၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအ‌ဝေးခန်းမ၌ တက်ရောက်အင်အား (၁၈)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ( ရွှေနတ်တောင် ) ၌ ကလေးသူငယ်အခွင့် အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲကို ( ၂၉.၁၂.၂၀၂၂ ) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ (၂၈.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအ‌ဝေးခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၂.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ...
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှကြီးမှူး၍ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၈.၁၂.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေမြိုင်ခန်းမ၌ တက်ရောက်အင်အား (၂၀) ဦးဖြင့်ကျင်းပခဲ့ပါသည်။