အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း (ရှမ်းပြည်နယ်)

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် "အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" အထိမ်းအမှတ် အခမ်းအနားကို (၃.၁၂.၂၀၂၄)ရက်၊ မွန်းလွဲပိုင်း (၁၃:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်း ကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့် မူလတန်းကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၂.၁၁.၂၀၂၄ရက်နေ့ က အဆိုပါ မူလတန်းကြိုကျောင်း အဆောက်အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့သည်။

(၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးကော်မရှင်(ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက်အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) တို့၏ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံ အမျိုးသမီးကော်မတီအစည်းအဝေးများကို နေပြည်တော်ရှိ M-Gallery Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်သည့် “(၃၅)နှစ်မြောက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)” အခမ်းအနား အား ရန်ကုန်တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီမှ (၂.၁၁.၂၀၂၄)ရက်နေ့၊ (ဗုဒ္ဓဟူးနေ့) နေ့လည်...

လူမှုဝန်ထမ်းဦးစီးဌာနမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းပြည့်မီသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်လူမှုဝန်ထမ်းရုံးများတွင် ၁၆-၁၂-၂၀၂၄ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/ သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲများ၊ မူလတန်းကြိုကျောင်းနှင့် နေပြည်တော်ကလေးပြုစုရေးဌာနသို့ ၁-၁၀-၂၀၂၄ ရက်မှ ၈-၁၀-၂၀၂၄ ရက်အထိ လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) လာရောက်ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၈ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနက ပြည်ထောင်စုအဆင့် အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်တွင်းအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေး (နောက်ဆုံးမူကြမ်း) ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ (နောက်ဆုံးမူကြမ်း) ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့၊ နေ့လယ် (၁၃ : ၀၀) နာရီတွင် ကျင်းပခဲ့ပြီး အစီရင်ခံစာရေးသားရေးအဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် (၃၇) ဦး တက်ရောက်ခဲ့ကြပါသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်မျာနေ့ ကျင်းပခဲ့မှုမှတ်တမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမ္မာန်တွင် “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ဘက်စုံပြုစုစောင့်ရှောက်ပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို (၁.၁၀.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်၌ ကျင်းပဆောင်ရွက်...

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို ၂၀၂၄ခုနှစ်အောက်တိုဘာ ၁ ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။